Pages

▼

Pages

▼

ပေါင်မြို့နယ်၌ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ကိုယ်တိုင်ယာဉ်မောင်းနှင်ခြင်း မပြုစေရေး အသိပညာပေး ဆောင်ရွက်





ပေါင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းတစ်လျှောက်၌ ရဟန်း၊ သာမဏေနှင့် သီလရှင်များ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်ခြင်း မပြုစေရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်လမ်းဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ရဟန်း၊ သာမဏေနှင့် သီလရှင်များအနေဖြင့် ဝိနည်းတော်နှင့်အညီ နေထိုင်ကျင့်ကြံပြီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်ခြင်း မပြုကြရန် ရှင်းလင်းလျှောက်ထား အသိပညာပေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

#News #Myanmar

No comments:

Post a Comment