ကျိုက်ထို၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုတ္တမပင်လယ်ကွေ့ ဒေသနှင့် ရေညှောင့်နှုတ်ဝိုင်း ငှက်(Spoon-billed Sandpiper) အပါအဝင် ဆောင်းခို ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Golden Bliss Hotel ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့သဘာဝထိန်းသိမ်းရေးနှင့်ကာကွယ်ရေးအသင်းမှ အမှုဆောင်ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်က မုတ္တမပင်လယ်ကွေ့ ရေဝေရေလဲဒေသ၏ ဂေဟစနစ် ရေရှည်တည်တံ့ခိုင်မြဲရေး၊ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် ဆောင်းခိုငှက်များ ဘေးကင်းစွာ ကျက်စားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့ပြင် ပင်လယ်ရေလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့် ဖမ်းဆီးနည်းစနစ်များ ရှောင်ကြဉ်ရန်နှင့် သဘာဝအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းရာတွင် ဒေသခံရေလုပ်သားများ၏ ပူးပေါင်းပါဝင်မှု ကဏ္ဍသည် အရေးကြီးကြောင်း လှုံ့ဆော်ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံရေလုပ်သားများကလည်း အသိပညာပေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar






No comments:
Post a Comment