ဈေးကွက်စီးပွါးရေးစနစ် ပြဋ္ဌာန်းထားသော နိုင်ငံ
စီမံကိန်းစီးပွါးရေးနှင့် ဈေးကွက်စီးပွါးရေးသည် အတော်ပြောင်းပြန်ဆန်သည်။
ဆိုရှယ်လစ်စနစ် ကွန်မြူနစ်စနစ်များသည် စီမံကိန်းစီးပွါးရေးကိုကျင့်သုံးသည်။
စီမံကိန်းစီးပွါးရေးသည် ကိန်းဂဏန်းများကို ကြက်မဖင် နှင့် မီးဖိုချောင်မှ စတင်ရေတွက်ကာ ဖိအားပေးခိုင်းစေသည့် ကိန်းဂဏန်းတွက်ချက်အုပ်ချုပ်ရေး စနစ်ဖြစ်သည်။
ခြေဥပုဒ်မ ၃၅ တွင် ပြဌာန်းထားသည်က မြန်မာနိုင်ငံ၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေးဖြစ်သည်ဟုပါရှိသည်။
မြန်မာနိုင်ငံ၏ ကျောင်းများတွင် သင်ကြားသော တရားဝင် ပြဌာန်းစာအုပ်များက ဈေးကွက်စီးပွါးရေးဟူသည်မှာ အဘယ်နည်းဟု ရှင်းပြထားသည်။
မြေယာဈေးကွက်
ကုန်စည်ဈေးကွက်
ဝန်ဆောင်မှုဈေးကွက်
လုပ်အားဈေးကွက်
ကျန်းမာရေးဝန်ဆောင်မှုဈေးကွက်
ပညာရေး ဝန်ဆောင်မှုဈေးကွက်
ပြည်တွင်းပြည်ပ ကုန်သွယ်ရေးဈေးကွက် စသည့် နယ်ပယ်တိုင်းကို ဈေးကွက်စီးပွါးရေးစံနှင့် ချိန်ထိုးကြည့်စေချင်သည်။
သမ္မတကြီး၏ မိန့်ခွန်းသည် အတော်ဆိုရှယ်လစ်ဆန်သည်ဟု ကျနော်က ဝေဖန်လိုသည်။
ပြည်သူများသည် ဈေးကွက်က ညွှန်ပြသည့်အတိုင်း ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်နိုင်ခြင်းကို သာ ဈေးကွက်စီးပွါးရေးဟု ခေါပြီး ခြေဥပုဒ်မ ၃၅ နှင့် ကိုက်ညီမည်။
ပြည်သူများက နိုင်ငံတော်အစိုးရ ၏ ညွှန်ပြချက်ကို လိုက်နာလျှက် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရလျင် စီမံကိန်းစီးပွါးရေးဖြစ်လာမည်။
သမ္မတကြီး၏ မိန့်ခွန်းကို ကျနော်မကြိုက်၊ သို့သော် ကျနော်သည် လက်နက်စွဲကိုင် ဆန့်ကျင်ရန် တစ်ကျပ်ဖိုးမျှ စိတ်ကူးမည်မဟုတ်ပေ။
ငြိမ်းချမ်းရေးစိတ်ထားအစစ်ဆိုသည်မှာ အစိုးရကို ရာနှုန်းပြည့် ကြိုက်နေမှ မဆန့်ကျင် ရခြင်းမဟုတ်၊ မိမိနှင့် အမြင်မတူသော အစိုးရကိုပင်လျှင် အမြင်မတူကြောင်း ဥပဒေတွင်းနည်းဖြင့် ရေးသားပြောဆိုမည်ဟု စိတ်ပိုင်းဖြတ်နိုင်ခြင်း ဖြစ်ပါသည်။
ဈေးကွက်စီးပွါးရေးစနစ် ပြဋ္ဌာန်းထားသော နိုင်ငံတစ်ခုတွင် အစိုးရက ပြည်တွင်းပြည်ပ လုံခြုံရေးကိုသာ အာရုံစိုက်ရမည်ဖြစ်ပြီး သူပုန်တွေ တော်တော်ဖျက်ဆီးသည် ဟူသော ငြီးတွားသံသည် အစိုးရပေးသော ဆင်ခြေ တစ်မျိုးသာဖြစ်ပါသည်။ ပြည်သူက အစိုးရ ကို သူပုန်တွေ တော်တော်မဖျက်ဆီးနိုင်ရန် ခန့်အပ်ထားခြင်း သာဖြစ်ပါသည်။
ဦးနေမျိုးဝေ
#Myanmar #News


No comments:
Post a Comment