အိမ်မဲမြို့နယ်၌ လူရည်ချွန်စီမံချက်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်၌ လူရည်ချွန်စီမံချက်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်

 


အိမ်မဲ  ၊ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁)ကျောင်း ရွှေညီလာခန်းမတွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး၊ ကျောင်းသားအားကစားလူရွေးပွဲနှင့် Grade-5/ Grade-9 စာမေးပွဲဆိုင်ရာ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။အစည်းအဝေးတွင် အိမ်မဲမြို့နယ် ပညာရေးမှူးဆရာကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက လူရည်ချွန်ကြံ့ခိုင်စွမ်းရည် (၅) မျိုးအား သရုပ်ပြရှင်းလင်းခြင်း၊ လူရည်ချွန်စာစစ်မှူးချုပ်၊ လက်ထောက်စာစစ်မှူးချုပ်နှင့် အဖြေလွှာစစ်ဆေးမည့် ဆရာ၊ ဆရာမများအား လုပ်ငန်းတာဝန်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ထို့ပြင် Grade-12 အောင်ချက်မြင့်မားရေးဆွေးနွေးပွဲ ပုသိမ်မြို့သို့ ရာနှုန်းပြည့်တက်ရောက်နိုင်ရေး ဆွေးနွေးခြင်းနှင့် Grade-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် နမူနာမေးခွန်းများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာ အထက/အထက(ခွဲ)ကျောင်းအုပ်ကြီးများ၊ လူရည်ချွန် စီမံချက်တွင်ပါဝင်သည့် ဆရာ၊ ဆရာမများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)