တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်ပင်ကြီးများ အမြစ်လန် လဲပျိုခြင်း၊ ချောင်းရေများခြင်းဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်ပင်ကြီးများ အမြစ်လန် လဲပျိုခြင်း၊ ချောင်းရေများခြင်းဖြစ်ပွား



တပ်ကုန်း၊ နိုဝင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ နယ်မြေ(၁၀)၊ မီးရထားဝန်ထမ်းလိုင်းခန်းနှင့်ရထား သံလမ်းကြား လုံးပတ်ရှစ်ပေခန့်၊ အရှည် ၅၀ပေခန့် ကုက္ကိုလ်ပင်၊ မကျီးပင်ကျေးရွာအထက်တန်း ကျောင်းဝင်း၊ အော်ရေရှားပင်တို့ အမြစ်လန်လဲပျိုမှုဖြစ်ပွား၍လည်းကောင်း၊ သပြေချောင်းကျေး ရွာ၊ ရွှေမြို့ကျေးရွာကြား ကိုယ်ထူကိုထတည်ဆောက်ထားသည့် အရှည် ၂၆၀ပေ၊ အကျယ် ၁၃ပေ ဆင်သေချောင်းကူးတံတား ရေစီးနှင့်မျောပါပျက်စီးမှုဖြစ်ခဲ့သည်။

အဆိုပါနေရာများသို့ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။


တင်စိုးလွင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)