ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံထုတ်ပြန်ချက် (၅) ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့သည်ကို မှတ်သားရသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြုကြိုဆိုကြောင်း ဖော်ပြချက်အချို့ကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အာဆီယံထိပ်သီးအစည်းအဝေး၏ ကြေညာချက်နှင့် အကြံပြုတိုက်တွန်းချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ အပေါ် ထင်ဟပ်မှုမရှိသည့်အပြင် တရားမျှတမှုမရှိကြောင်း တွေ့ရှိရသည်။
အာဆီယံသည် မြန်မာနိုင်ငံအပေါ် တူညီဆန္ဒမရရှိသေးသော်လည်း မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ အပြုသဘောဆောင်သော မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီအားပေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိသည်။
အာဆီယံနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ယခင်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်သည် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် အပြန်အလှန်ဆက်နွယ်မှုရှိသည့်အတွက် မြန်မာနိုင်ငံသည် မိမိ၏အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ မိမိနိုင်ငံ၏ ပကတိအခြေအနေများအပေါ် မူတည်၍ အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထို့ပြင် အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် အာဆီယံရေးရာကော်မတီကို ၂၉-၉-၂၀၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ၁၄-၁၀-၂၀၂၆ ရက်တွင် ဖြန့်ဝေပေးပို့ခဲ့သည်။
ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှစ၍ နှစ်ပေါင်း (၇၀) ကျော်ကြာ အမြစ်တွယ်ခြင်းဖြစ်ပြီး၊ ယင်းသောင်းကျန်းမှုများကို အလုံးစုံချုပ်ငြိမ်းစေရန် နိုင်ငံတော်အစိုးရအဆက်ဆက်က နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့အတူ လက်ရှိအစိုးရသည်လည်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ကြိုးပမ်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်လျက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပါဝင်ရန် သက်ဆိုင်သူများအားလုံးကို အကြိမ်ကြိမ်ဖိတ်ခေါ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များနှင့် (၁၀၉) ကြိမ်၊ NCA လက်မှတ်မရေးထိုးရသေးသည့် EAOs များနှင့် (၃၃) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၁၃) ကြိမ်၊ ငြိမ်းချမ်းရေးစကားဝိုင်း (၁) ကြိမ်၊ ငြိမ်းချမ်းရေးဖိုရမ် (၂) ကြိမ်၊ စုစုပေါင်းအကြိမ် (၁၈၀) တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ အစိုးရသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များအား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များ စုစုပေါင်း (၅,၈၇၁) ဦး သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဆက်လက်ပြီးဝင်ရောက်ရန် ဆက်သွယ်လျက်ရှိသူများလည်းရှိသည်။
လက်ရှိ ရွေးကောက်ခံအစိုးရလက်ထက်တွင်လည်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NSPNC ကို ပြင်ဆင်ဖွဲ့စည်း၍ NCA မူဘောင်အောက်မှ ကြိုတင်ကန့်သတ်ချက်များမထားရှိဘဲ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိရာ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပြင် ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုပေါင်း (၃၈) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများသာရှိပြီး နိုင်ငံရေးအကျဉ်းသားများမရှိပါ။ နိုင်ငံတော်တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၅,၄၄၄ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၇,၈၉၄ ဦးနှင့် နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား စုစုပေါင်း ၁၂၆,၉၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
နိုင်ငံတော်အစိုးရသည် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အားလျော်စွာ လိုအပ်သည့် တုံ့ပြန်မှုများကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဥပဒေများ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rules of Engagement) နှင့်အညီ အနည်းဆုံးအင်အားဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ် သည်။
လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အဟာစင်တာ (AHA Centre) နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀.၁၂၅ သန်းကျော် ပေးအပ်ခဲ့သည်။
အာဆီယံမှပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီများအပြင် နိုင်ငံတော်အစိုးရသည် မိုခါဆိုက်ကလုန်းမုန်တိုင်းအတွက် အမေရိကန်ဒေါ်လာ ၃၇.၃၈၂ သန်းခန့်၊ ရာဂီတိုင်ဖွန်းမုန်တိုင်းအတွက် အမေရိကန်ဒေါ်လာ ၅၀.၇၂၀ သန်းခန့်၊ မန္တလေးငလျင်အတွက် အမေရိကန်ဒေါ်လာ ၁,၆၃၉.၄၆၃ သန်းခန့်၊ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘေးသင့်သူများကို ထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၂.၄၇၆ သန်းခန့်၊ ယာယီနေရပ်စွန့်ခွာသူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၆၈.၇၄၂ သန်းခန့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံခန့်ကို မြန်မာ ပြည်သူများအတွက် ကျခံသုံးစွဲခဲ့သည်။ AHA Center မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ အကူအညီပေးအပ်နိုင်ရေးကို လုံခြုံရေးအရ ခွင့်ပြုနိုင်သည့်ဒေသများတွင် မြန်မာနိုင်ငံသည် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ရာတွင် စည်းမျဉ်းကို အခြေခံသည့် အာဆီယံသည် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံ လျက်ရှိပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှရှိမှု၊ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်မှုနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်မှုတို့ကို လေးစားလိုက်နာခြင်း မရှိသည်မှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သဘောထားအမြင်များ၊ အကြံပြုချက်များနှင့် ရပ်တည်ချက်များကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ခံစားရရှိမည့် တန်းတူအခွင့်အရေးများနှင့် အပြည့်အဝ ကိုယ်စားပြုခွင့်များကို ဆက်လက်ငြင်းပယ်ခဲ့ရာ ထိုကဲ့သို့သော ဆောင်ရွက်ချက်များသည် အာဆီယံအသိုက်အဝန်း၏ အခြေခံအုတ်မြစ်ဖြစ်သော အားလုံးပါဝင်ရေး၊ တန်းတူညီမျှမှုရှိရေး၊ အပြန်အလှန်လေးစားရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ချက် ချမှတ်ရေးတို့နှင့် ဆန့်ကျင်နေရုံသာမက အာဆီယံပဋိညာဉ် စာတမ်းနှင့် အာဆီယံ၏ စံနှုန်းကျင့်ဝတ်များအား တသမတ်တည်း အကောင်အထည်ဖော်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးများသို့ အဖွဲ့ဝင်နိုင်ငံများ၏ တက်ရောက်မှုနှင့်ပတ်သက်၍ သတ်မှတ်ချက်ကို သက်ဆိုင်ရာနိုင်ငံကသာ အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၄)၊ အပိုဒ်(၇) နှင့်အညီ တက်ရောက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ခွဲခြားဆက်ဆံမှုသည် အာဆီယံပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသလို အစဉ်အလာလည်း မရှိခဲ့ပါ။
အာဆီယံသည် အာဆီယံပဋိညာဉ်စာတမ်းတွင်ပါရှိသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု လေးစားရေး၊ တန်းတူညီမျှမှုရှိရေး၊ အားလုံးပါဝင်ရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ရေးစသည့် မူလအခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်ဟု မြန်မာနိုင်ငံက ရိုးသားစွာ ယုံကြည်မျှော်လင့်သည်။ သို့ရာတွင် အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာအရလည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားများအရလည်းကောင်း အဆိုပါအခြေခံမူများကို လေးစားလိုက်နာရန် အခက်အခဲရှိမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
*******************
Statement by the Ministry of Foreign Affairs of the Republic of the Union of Myanmar on the ASEAN Leaders’ Review and Decision
Myanmar takes note of the issuance of the ASEAN Leaders’ Review and Decision on the Implementation of the Five-Point Statement at the 49th ASEAN Summit, held in Manila, the Philippines, on 15 November 2026. While Myanmar acknowledges some references in the said statement welcoming and recognising positive developments in the country, it observes that the ASEAN Leaders’ Review and Decision as well as the suggestions and recommendations contained therein do not adequately reflect the positive measures undertaken by the ASEAN Member State concerned, and therefore Myanmar considers the statement and recommendations to be unfair and imbalanced.
Although ASEAN has yet to reach a consensus, Myanmar continues to engage bilaterally with individual ASEAN Member States. Myanmar expresses its appreciation to those ASEAN Member States that have extended their support and assistance in recognition of the positive developments in the country.
With regard to the suggestions and recommendations put forwarded by ASEAN Member States, Myanmar has continued to cooperate to the fullest extent possible in the spirit of ASEAN family, while safeguarding its national interests and sovereignty as well as taking into account the prevailing circumstances on the ground as the Five-Point Roadmap adopted under the former State Administration Council was closely aligned with ASEAN's Five-Point Statement.
Furthermore, with a view to enhancing relations with ASEAN, the ASEAN Affairs Committee has been established by the Office of the President on 29 September 2026. Subsequently, on 14 October 2026, Myanmar circulated information to ASEAN Member States and the ASEAN Secretariat on its continued efforts to facilitate the implementation of the Five-Point Statement, in accordance with its own roadmaps and national objectives.
Internal conflicts have persisted in Myanmar for over 70 years, dating back to the country’s independence in 1948. Successive governments have pursued various approaches to bringing an end to the armed conflicts throughout the country. Similarly, the current Government has intensified its efforts to achieve lasting peace within the framework of the Nationwide Ceasefire Agreement (NCA) and has consistently extended invitations to all relevant stakeholders to engage in peace dialogue.
Since February 2021, the National Solidarity and Peacemaking Negotiation Committee (NSPNC) has held a total of 180 meetings and discussions, comprising 109 meetings with Ethnic Armed Organisations (EAOs) that are signatories to NCA, 33 meetings with non-signatory EAOs, 22 meetings with political parties, 13 meetings with peace facilitation organisations, one Peace Dialogue and two Peace Forums. Similarly, the Government has repeatedly extended invitations to members of terrorist organisations to return to the legal fold. From February 2021 to October 2026, a total of 5,871 members of EAOs and the so-called People’s Defence Force (PDF) and other illegal and terrorist organizations returned to the legal fold, while others have continued to make contact with a view to doing so.
Under the present elected Government, NSPNC has also been reconstituted with a view to achieve eternal peace. The Government continues to extend invitations to relevant stakeholders to engage in dialogue without preconditions under the framework of NCA. In this regard, a total of 38 meetings and discussions have been held with NCA-signatory EAOs, non-signatory EAOs, and peace-related partner organisations.
In Myanmar, individuals are serving sentences in accordance with under existing laws, but there are no political prisoners. In the interests of nation-building and on humanitarian grounds, pardons and amnesties have been granted since February 2021, to a total of 5,444 individuals charged under Sections 50(j) and 52(a) of the Counter-Terrorism Law, 7,894 individuals charged under Sections 505(a) and 505(b) of the Penal Code, and 126,964 local and foreign prisoners.
The Government of Myanmar has the responsibility to safeguard the sovereignty and territorial integrity of the State, as well as to protect the lives and property of its people. Accordingly, the Government has undertaken only those responsive measures deemed necessary to fulfil these responsibilities. In doing so, the Government has exercised utmost restraint and employed minimum force necessary, in accordance with domestic laws and the applicable Rules of Engagement (ROE).
With regard to the provision of humanitarian assistance, Myanmar has been cooperating closely with the ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre). Over the past five years, humanitarian assistance amounting to more than USD 30.125 million has been provided to Myanmar through the AHA Centre.
In addition to the humanitarian assistance provided by ASEAN, the Government of Myanmar has allocated approximately USD 37.382 million for Cyclone Mocha, USD 50.720 million for Typhoon Yagi, USD 1,639.463 million for the Mandalay earthquake, USD 2.476 million for those affected by incidents of terrorism and USD 68.742 million from the National Natural Disaster Management Fund to support temporarily displaced persons during the period from January to December 2025, amounting to a total of USD 1.8 billion for the benefit of the people of Myanmar. Myanmar will continue to cooperate with the AHA Centre in facilitating the delivery of humanitarian assistance to areas where access can be permitted, subject to the prevailing security conditions.
However, it is regrettable that the fundamental principles enshrined in the ASEAN Charter — particularly those of respect for sovereignty, equality, non-interference and decision-making by consensus, have not been consistently upheld in a rules-based ASEAN’s engagement with Myanmar. In addition, Myanmar’s views, suggestions and position have, on numerous occasions, been disregarded, while its equal rights and full representation as an ASEAN Member State have been denied. Such practices run counter to the principles of inclusivity, equality, mutual respect and consensus-based decision-making that underpin the ASEAN Community and raises serious concerns regarding the consistent application of the ASEAN Charter and the ASEAN’s established norms and practices.
With regard to the participation of ASEAN Member States in ASEAN Summits, such participation is determined by the respective Member State in accordance with Article 7 of Chapter IV of the ASEAN Charter. Myanmar views that such discriminatory treatment is inconsistent with the provisions of the ASEAN Charter and constitutes a departure from ASEAN's established practices and precedents.
Myanmar sincerely hopes that the fundamental principles of respect for sovereignty, equality, inclusivity and consensus-based decision-making enshrined in the ASEAN Charter will be consistently upheld. However, should these fundamental principles not be consistently upheld by ASEAN, Myanmar would likewise find it difficult to respect and abide by them, in order to safeguard the dignity of the State and uphold the collective will of its people.
Ministry of Foreign Affairs,
21 November, 2026
#Myanmar #News








No comments:
Post a Comment