တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၄

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီးဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General. Saichay Kommasith နှင့်ဇနီးတို့က နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် CROWNE PLAZA HOTEL ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စစ်ဦးစီးဌာနအကြီးအကဲနှင့်ဇနီး၊ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ညစာစားပွဲကျင်းပရာနေရာသို့ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် ညစာသုံးဆောင်နေစဉ်အတွင်း လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့က တေးသံသာများ၊ အကပဒေသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)