ညောင်လေးပင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေးဟောပြောပွဲကျင်းပ


ညောင်လေးပင်  ၊ နိုဝင်ဘာ ၂၆

ပဲခူတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေးဟာပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ညောင်လေးပင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း လင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့  ခေတ္တဥက္ကဋ္ဌ ဒေါ်အေးအေးသန်းမှ အဖွင့် အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားဦးမှ (၁၆)ရက်တာလှုပ်ရှားမှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ကျား၊မ အခြေပြုအကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးမှုတို့အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှန်းလဲ့ဝေမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ပြီး အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးမှ ဒုရဲအုပ်ဇော်မင်းထက်မှ ကျား၊မအခြေပြု အကြမ်းဖက်မှု ကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများအား အသိ ပညာပေးဟာပြောခဲ့၍ ကျား၊မအ ခြေပြု အကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးမှုများအား ဗွီဒီယိုကလစ်ဖြင့် ပြသဆောင်ရွက်ခဲ့သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုကာလဖြစ်သည့် ကျား၊မအခြေပြုအကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးအကြို လှုပ်ရှားမှုအဖြစ် " အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး စု ပေါင်းအားဖြင့် ဆောင်ရွက်ပေး တရားမျှတမှုဖြင့်ကာကွယ်ဖို့ ပြစ်ဒဏ်ကြေအေးခြင်းကို အဆုံးသတ်စို့ " ခေါင်းစဉ်ဖြင့်အထက်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိ ယဆု၊တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးတို့မှ ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအးသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သုသုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှန်းလဲ့ ဝေ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ထားထားဦး၊ အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းထက်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအးခိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)