ရုရှား က အိန္ဒိယကို ဒရုန်းနည်းပညာတွေ ပေးပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား က အိန္ဒိယကို ဒရုန်းနည်းပညာတွေ ပေးပြီ


နိုဝင်ဘာ - ၁၂ ( ကြာသပတေးနေ့ ) 

ရုရှားနိုင်ငံ တွမ်စကီ ဒေသမှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ ဒရုန်းထုတ်လုပ်ရေးစင်တာတစ်ခုဟာ အိန္ဒိယနိုင်ငံနဲ့ ဒရုန်း နည်းပညာ လွှဲပြောင်းပေးရေး၊ အိန္ဒိယနိုင်ငံအတွင်း ဒရုန်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးတို့အတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေကြပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုအကြောင်းကို တွမ်စကီ ပြည်နယ်တက္ကသိုလ် (TSU) တက္ကသိုလ် ပါမောက္ခချုပ် က စက်မှုသင်္ကေတ ညီလာခံမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။  အဲဒီနည်းပညာတွေကို TSU တက္ကသိုလ်နဲ့ တွမ်စကီဒေသက ဒရုန်းစနစ် သုတေသနနဲ့ ထုတ်လုပ်ရေးစင်တာ (RPC UAS) တို့က လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ “ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အိန္ဒိယဘက်က မိတ်ဖက်တွေဟာ ဒရုန်း ထုတ်လုပ်ရေးနည်းပညာကို လွှဲပြောင်းပေးဖို့နဲ့ အိန္ဒိယနိုင်ငံမှာ စက်ရုံတည်ဆောက်ပေးဖို့အတွက် ငွေကြေးပေးချေဖို့ အသင့်ရှိနေကြပါပြီ” လို့ ဆိုပါတယ်။

“တက္ကသိုလ်နဲ့ ဒရုန်း ထုတ်လုပ်ရေးစင်တာတို့က နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ လုပ်ငန်းစဉ်အားလုံးကို အိန္ဒိယဘက်ကို လွှဲပြောင်းပေးသွားမှာပါ။ အဲဒီနောက်မှာတော့ နည်းပညာအသုံးပြုခွင့်အတွက် သစ္စာရှိအခကြေးငွေတွေကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီသဘောတူညီချက်မှာ ပါဝင်မယ့် အိန္ဒိယကုမ္ပဏီတွေ ဒါမှမဟုတ် မိတ်ဖက်အဖွဲ့အစည်းတွေက ဘယ်သူတွေလဲဆိုတာ အပါအဝင် အခြားအသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။


REF: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)