ပုဇွန်တောင်၊ နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ စူပါအယ်လ်နီညိုကာလတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးသတိပေးဆော်ဩခြင်းနှင့် အပူဒဏ်အန္တရာယ် နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ညနေ ၆ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှုး ဦးမျိုးဝင်းသူ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်၍ စူပါအယ်လ်နီညိုကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးသတိပေးဆော်ဩခြင်းနှင့် အပူဒဏ်အန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြပြီး လမ်းသွားလမ်း လာပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်ပြည်သူများထံ အယ်လ်နီညို(El Niño)ရာသီဥတုဖြစ်စဉ်များ အကြောင်းသိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်၊ ရေရှည်တုံ့ပြန်နိုင်ရေး အတွက် “အယ်လ်နီညို” ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူချိန်မြင့်မားခြင်း၊ ရေရှားပါးခြင်းနှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ ပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
စုယဉ်ချစ်
#News #Myanmar





No comments:
Post a Comment