ချောင်းဆုံ ၊ နိုဝင်ဘာ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အနေဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ(၁၁)ရက်က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအတွင်း မီးဘေးလုံခြုံရေး ဆိုင်ရာသတ်မှတ် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)
https://t.me/MyanmarNationalPost

No comments:
Post a Comment