၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးစီး၍ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ပိုမိုဖြန့်ဖြူးပေးနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးစီး၍ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ပိုမိုဖြန့်ဖြူးပေးနိုင်





နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ရာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ၁၂ ကြိမ်တိုင်တိုင် အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် နေရာများစွာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖျက်ဆီးခံရသည့်တာဝါတိုင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို လုံခြုံရေးရယူ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဦးဆောင်ကာ ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ ပြင်ဆင်ခဲ့ပြီး ပြင်ဆင်နေသည့် ကာလများတွင်လည်း အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့်တိုင် ဝန်ထမ်းများ၏ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးကာ ယင်းနေ့မှစ၍ ဓာတ်အားစမ်းသပ်ပို့လွှတ်နိုင်ခဲ့ရာ ယခုအချိန်တွင် ဓာတ်အားပုံမှန် ပို့လွှတ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ယင်းသို့ဓာတ်အားပြန်လည်ပို့လွှတ်နိုင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ၂၀၀ မဂ္ဂါဝပ် ပိုမိုပို့လွှတ်နိုင်သည့်အပြင် ယခင်က ဓာတ်အားလိုင်းတစ်ခုတည်းဖြင့် ပေးပို့ရမှုကြောင့် ဖြစ်ပေါ်နေသည့် ဓာတ်အားလိုင်းစနစ် မတည်ငြိမ်မှုများ လျော့နည်းသွားပြီး ဓာတ်အားလိုင်းစနစ် ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။


#Myanmar #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)