သမိုင်းဝင် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပူတင် တရုတ်နိုင်ငံသို့ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမိုင်းဝင် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပူတင် တရုတ်နိုင်ငံသို့ ရောက်ရှိ





အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ပြုလုပ်မည့် သမိုင်းဝင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ပူတင်၏ လေယာဉ်သည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီကျော်တွင် ရှန်ကျန်းမြို့သို့ ဆင်းသက်ခဲ့ပါသည်။ ရုရှားခေါင်းဆောင်အား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြပြီး တရုတ်ထိပ်တန်းအရာရှိ ကိုင်ချီ (Cai Qi) နှင့် တရုတ်-ရုရှား အလံများ ဝှေ့ယမ်းနေကြသည့် ဖျော်ဖြေရေးအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် ပူတင်သည် သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းအပြီး၌ ဆက်လက်မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး တရုတ်သမ္မတအပြင် ဗီယက်နမ်နှင့် ထိုင်းခေါင်းဆောင်များနှင့်လည်း နှစ်နိုင်ငံသီးခြား တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။ သို့သော်လည်း အဓိက စိတ်ဝင်စားဖွယ်အကောင်းဆုံး အစည်းအဝေးမှာ ကြာသပတေးနေ့တွင် ကျင်းပမည်ဖြစ်ပြီး ပူတင်၊ ရှီကျင့်ဖျင်နှင့် ထရမ့်တို့သည် ရုရှားနှင့် အမေရိကန်ခေါင်းဆောင်နှစ်ဦး၏ သီးခြားတစ်ဦးချင်း တွေ့ဆုံမှုမတိုင်မီ သို့မဟုတ် တွေ့ဆုံပြီးနောက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပါသည်။အိမ်ဖြူတော်နှင့် ကရင်မလင်နန်းတော်တို့၏ ထုတ်ပြန်ချက်များအရ အဆိုပါဆွေးနွေးပွဲများတွင် နျူကလီးယားလက်နက် ထိန်းချုပ်ရေးနှင့် ယူကရိန်း၊ အီရန် ပဋိပက္ခများ အပါအဝင် နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးဖွယ်ရှိနေသည်။ တရုတ်နိုင်ငံဘက်ကမူ တိကျသည့်အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ဤတွေ့ဆုံပွဲသည် “ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးတွင် မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိစေရန် အမြင်ချင်းဖလှယ်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အနောက်တိုင်း မီဒီယာများတွင်မူ ဤသုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယကမ္ဘာစစ်အလွန် လုံခြုံရေးအခင်းအကျင်းကို အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့က ပုံဖော်ခဲ့ကြသည့် ၁၉၄၅ ခုနှစ် ယော်လ်တာ ညီလာခံ (Yalta Conference) နှင့် နှိုင်းယှဉ်ဖော်ပြနေကြပါသည်။ အင်အားကြီးသုံးနိုင်ငံမှ ခေါင်းဆောင်များက မိမိနှင့် ဥရောပမဟာမိတ်များ၏ သဘောထားမပါဘဲ ကမ္ဘာ့အခင်းအကျင်းကို ပြန်လည်ရေးဆွဲရန် ကြိုးပမ်းမည်ကို စိုးရိမ်နေပုံရသည့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်စကီးက ပြီးခဲ့သည့်လတွင် သတင်းထောက်များအား “ဩဇာအာဏာတွေ ပြန်လည်ခွဲဝေကြမယ့် ‘ယော်လ်တာ ၂၊ ၃၊ ၄’ လိုမျိုး ဖြစ်လာမှာကို ကျွန်တော် တကယ်ပဲ မလိုလားပါဘူး” ဟု ပြောကြားခဲ့သည်။ ယော်လ်တာညီလာခံနှင့် နှိုင်းယှဉ်ပြောဆိုမှုများသည် “နိုင်ငံရေးသိပ္ပံပညာရှင်များ၏ ကစားကွက်များသာဖြစ်ပြီး လက်တွေ့အခြေအနေနှင့် လုံးဝမသက်ဆိုင်ကြောင်း” ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံသည် “ဗဟုဝင်ရိုးကမ္ဘာ (Multipolar world)” ဘက်မှ ရပ်တည်ပြီး “အခြားသူများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးရန် ဘယ်သောအခါမှ ကြိုးပမ်းမည်မဟုတ်ကြောင်း” ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သုံးပွင့်ဆိုင် အစည်းအဝေး၏ အစိတ်အပိုင်းအချို့ကို သတင်းထောက်များအား ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်အပိုင်းများကို တံခါးပိတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။


Ref - RT

#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)