နေပြည်တော်၊ နိုဝင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှကြီးမှူး၍ “၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲ” ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ နိုဝင်ဘာလ (၁၁) ရက်နေ့၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲအား “မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေခြင်းနှင့်ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလမ်းကြောင်းများတွင် ဆန်းသစ်တီထွင်ခြင်း” ဟူသောဆောင်ပုဒ်ဖြင့်ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များကို ပိုမိုနက်ရှိုင်းခိုင်မာစေရန်၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွေ့အကြုံများကိုဖလှယ်ရန်၊ အသိပညာမျှဝေမှုကိုမြင့်တင်ရန်၊ ပိုမိုခံနိုင်ရည် ရှိသော ဖွံ့ဖြိုးတိုးတက်မှုပုံစံများကိုရှာဖွေလေ့လာရန်နှင့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ်၊ ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော် မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်၊ လာအိုနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E. Ms. Chanthakhone Boualaphanh၊ မြန်မာနိုင်ငံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး၊ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်၊ H.E. Mr. Stephen Jackson၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားဘာသာစာပေ ထုတ်ဝေရေးစီမံခန့်ခွဲမှုအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ H.E Mr. Yu Yunquan တို့က အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သည့် ဒုတိယဝန်ကြီး၊ ဦးသိုက်စိုးက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများပူးပေါင်းပါဝင်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသည့် စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေးဟူ သော မဟာဗျူဟာမြောက်လုပ်ငန်းစဉ် (၂) ရပ်နှင့် ပြည်သူကိုဗဟိုပြု၍ ဘက်စုံကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများကို လုပ်ငန်းအစီအစဉ် (၆) ရပ်ဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေရေးအတွက် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်းအပါအဝင် အသက်မွေးဝမ်းကျောင်းနည်းပညာများ ထောက်ပံ့ပေးပြီး မိသားစုဝင်ငွေပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဘဏ္ဍာ ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် INGOs အဖွဲ့အစည်းများမှ ဆွေးနွေးပွဲဆောင်ပုဒ်နှင့် အညီ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆာင်ရွက်မှုများ ခိုင်မာစေရေး၊ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များအား ခေတ်နှင့်အညီ တီထွင်ဆန်းသစ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့်ဆောင်ရွက် ချက်များအားဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲအား Poverty Reduction Experience Sharing and Model Innovation on Poverty Reduction နှင့် Toward the post 2030 : Transition and Long-Term Governance of Poverty Reduction ခေါင်းစဉ် (၂) ခုဖြင့်ကျင်းပ ခဲ့ရာ တက်ရောက်လာကြသည့်အစိုးရအဖွဲ့အစည်းများနှင့် INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ခေါင်းစဉ်အသီးသီးဖြင့် အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar








No comments:
Post a Comment