မဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အဖြစ် ပြသထားသည့်ပြကွက်များအား တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အဖြစ် ပြသထားသည့်ပြကွက်များအား တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ

 








တာမွေ၊ နိုဝင်ဘာ  ၁၅

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀)ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း၌ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင် အမွေအနှစ်များကို ပြကွက်များဖြင့် ပြသထားရာ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများ လာရောက်လေ့လာခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသေးစိတ်လိုက်လံရှင်းလင်းပြသသခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လာရောက်လေ့လာရာတွင် ကျောင်းသား/သူလေးများသည် သက်ဆိုင်ရာကျောင်းများမှ ကြီးကြပ်ရေးဆရာမများနှင့်အတူ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၏ သမိုင်းကြောင်းနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာအမွေအနှစ်ပြကွက် (၁၀)ကွက်ဖြစ်ကြသည့် ဘုရားလောင်းပဋိသန္ဓေယူခန်း၊ ဘုရား လောင်းဖွားမြင်တော်မူခန်း၊ ဘုရားဖြစ်တော်မူခန်း၊ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦး ဟောတော်မူခန်း၊ ပရိ နိဗ္ဗာန် စံတော်မူခန်းပြကွက်များ၊ အိန္ဒိယနိုင်ငံတွင် နှုတ်တက် အာဂုံရွတ်ဆို၍ တင်တော်မူခဲ့ကြသည့် သင်္ဂါယနာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပထမသင်္ဂါယနာတင်ပြကွက်၊ ဒုတိယသင်္ဂါယနာတင်ပြကွက်၊ တတိယသင်္ဂါယနာတင် ပြကွက်၊ သီရိလင်္ကာနိုင်ငံ၌ ပေထပ်အက္ခရာတင်ခဲ့သည့် စတုတ္ထသင်္ဂါယနာတင်ပြကွက်၊ မြန်မာနိုင်ငံ မန္တလေးမြို့၌ မင်းတုန်းမင်းကြီးလက်ထက် ကျောက်ထပ်အက္ခရာတင်ခဲ့သည့် ပဉ္စမသင်္ဂါယနာတင်ပြကွက်နှင့် ကုသိုလ်တော် ဓမ္မစေတီများ ပြကွက်အစရှိသည်တို့ကို လေ့လာခဲ့ကြသည်။

မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် ဗုဒ္ဓသာသနာတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုသိရှိနားလည်စေရန်၊ သာသနာတော်ကို ကြည်ညိုလေးစားသည့် စိတ်ဓာတ်များ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ပြသခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)