မြစ်သား ၊ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပညာရေးမှူးရုံးမှူးကြီးမှူး၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အာကာသအိပ်မက်ခေါင်းစဉ်ဖြင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်အနေဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၀ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိက အနီးကပ်ကြီးကြပ်၍ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများ၊ အခန်းစောင့်ဆရာ/ဆရာများ ကျောင်းသား၊ ကျောင်းသူများဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ နိုဝင်ဘာလ ၁၀ ရက်နေ့၌ အလယ်တန်းအဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲတွင် လူသားနှင့်အနာဂတ်အာကာသ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့၌ အထက်တန်းအဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲတွင် အသုံးချလေ့လာ အာကာသနည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)
https://t.me/MyanmarNationalPost

No comments:
Post a Comment