ဒဂုံတောင် ၊ နိုဝင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကုန်ဇုန်၊ ၂၀၂၆ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ တတိယနေရာလုပွဲကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် (၇) နာရီခွဲအချိန်ကကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ အကြိတ်အနယ် ယှဥ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက ပထမပိုင်းတွင် သွင်းဂိုး (၂) ဂိုးဖြင့် ဦးဆောင်ကာ ဒုတိယပိုင်းတွင် ဆက်လက်၍ယှဉ်ပြိုင်ကြရာ ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက သွင်းဂိုး (၁) ဂိုး ထပ်မံရရှိပြီး ဘားအံပညာရေးဒီဂရီ ကောလိပ်အသင်းက ပုသိမ်ပညာရေးဒီဂရီ ကောလိပ်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာ တတိယနေရာရရှိသွားကြောင်း သိရသည်။
နေမျိုးအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment