မြောက်ဥက္ကလာပ၊ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူက မြို့နယ်အတွင်း အသံမစဲ ပဋ္ဌာန်းဆောင်ရွက်မည် အခြေအနေများ ၊ ခွင့်ပြုချက်မဲ့ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာမှ စနစ်တကျ စိစစ် ဖော်ထုတ်ဆောင်ရွက် စေလိုကြောင်း၊ လမ်းဘေး ဝဲယာများတွင် မရှင်းလင်ရသေးတဲ့ Wifi ကြိုး များ ရှင်းလင်းစေရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် UID ရိုက်ကူးမှု မကျန်စေရေး စိစစ်ပေးစေလိုကြောင်း နှင့် မြို့နယ်လုံးဆိုင်ရာ ဘောလုံးပြိုင်ပွဲ လျာထားဆောင်ရွက်ထားရှိမှုများ၊ လမ်းဆုံ ၊ လမ်းခွများရှိ မီးပွိုင့်များ မီးလင်းနိုင်ရေးနှင့် ဒေသဖွံ့ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
#Myanmar #News


No comments:
Post a Comment