သူပုန်တွေဆီမှာ လက်နက်ချတဲ့စစ်သား ၆၀ ကျော်ကို ကွန်ဂိုစစ်ခုံရုံးက သေဒဏ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သူပုန်တွေဆီမှာ လက်နက်ချတဲ့စစ်သား ၆၀ ကျော်ကို ကွန်ဂိုစစ်ခုံရုံးက သေဒဏ်ပေး


နိုဝင်ဘာ - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (DR Congo) ရဲ့ ပဋိပက္ခဖြစ်ပွားရာ အရှေ့ပိုင်းဒေသမှာ ရဲစွမ်းသတ္တိမရှိဘဲ လက်နက်ချ အညံ့ခံတာ၊ စစ်ဘက်ဆိုင်ရာ ပုန်ကန်မှုလုပ်တာနဲ့ အမိန့်နာခံဖို့ ငြင်းဆန်တာတွေကြောင့် စစ်ခုံရုံးက စစ်သား ၆၆ ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ကွန်ဂိုသတင်းဌာန အက်ကျူလိုက်  နဲ့ နိုင်ငံပိုင်သတင်းအေဂျင်စီ ACP တို့ရဲ့ ဖော်ပြချက်အရ ဂိုမာ မြို့စောင့်တပ် စစ်ခုံရုံးက မြောက်ကီဗူးပြည်နယ်၊ ဝါလီကာလေ မြို့မှာ ၁၂ ရက်ကြာ စစ်ဆေးခဲ့တဲ့ ရုံးထွက်ပြီးနောက် သောကြာနေ့ နှောင်းပိုင်းမှာ အဲဒီအမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆာဂျင့် (တပ်ကြပ်) တစ်ဦးကိုတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး စစ်သားလေးဦးကိုတော့ အပြစ်မရှိကြောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အဲဒီစစ်သားတွေဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ (FARDC) ရဲ့ ၃၄၁၅ တပ်ရင်းက ဖြစ်ကြပြီး၊ အစ္စပိုင်းဒေသ၊ အန်တိုတို  မှာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အောက်တိုဘာ ၂၀ ရက်နေ့က အန်ဂိုရာ မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း ACP က ကိုးကား ဖော်ပြထားတဲ့ ၃၄ ခုမြောက် စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဖမ်းဆီးမှုတွေဟာ ယူဂန်းဒါးနဲ့ ရဝမ်ဒါနိုင်ငံတွေနဲ့ နယ်စပ်အနီး တိုင်းပြည်အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေဟာ ကွန်ဂို သမ္မတဟောင်း ဂျိုးဇက် ကာဘီလာ ဦးဆောင်တဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ ဖြစ်တဲ့  (FRN) နဲ့ တိုက်ခိုက်နေချိန်မှာ ဟူမူရာ ဒေသက ရှေ့တန်းစခန်းတွေကို စွန့်ခွာထွက်ပြေးခဲ့တယ် လို့ စွပ်စွဲခံခဲ့ရတာပါ။ တချို့သော တရားခံတွေဟာ လူသတ်မှုနဲ့ စစ်ဘက်သုံး ခဲယမ်းမီးကျောက်တွေကို အလဟဿဖြုန်းတီးမှု စတဲ့ စွဲချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ အဲဒီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။


REF: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)