ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဘားအံမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဘားအံမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း သွားရောက်ကြည့်ရှုစစ်ဆေး






နေပြည်တော်၊ နိုဝင်ဘာ ၈

ကရင်ပြည်နယ် ဘားအံမြို့ရှိရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းကို ယမန်နေ့က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့သွားရောက်စဉ် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ရက်ကန်းပညာ အခြေပြုအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းသား ရိုးရာရက်ကန်းပညာများ မတိမ်ကောစေရေး ခေတ်မီအဆင်ဒီဇိုင်းများ ရေးဆွဲထုတ်လုပ်တတ်စေရေးအတွက် လေ့ကျင့်ရင်းထုတ်လုပ်၊ ထုတ်လုပ်ရင်းလေ့ကျင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းကျောင်းတွင် ရိုးရာမပျက်စေဘဲ ခေတ်နှင့်အညီ ဈေးကွက်အောင်မြင်အောင် တီထွင်ကြံဆဆောင်ရွက်သွားကြရန်၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်း စောင့်ကြည့်သုံးသပ်ပြီး မျှော်မှန်းရလဒ်များကို လက်တွေ့ကျကျ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ရက်ကန်းဒီဇိုင်းများ တီထွင်ဆန်းသစ်ရန်အတွက် Computer Graphic Design များ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး၊ နည်းပညာစက်ကိရိယာများ အဆင့်မြှင့်တင်ရေး၊ ကျေးလက်ဒေသ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် မိရိုးဖလာရက်ကန်းလုပ်ငန်းများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ဒီဇိုင်းအသစ်များ တီထွင်ဖန်တီးနိုင်ရေး၊ ရက်ကန်းကျောင်းမှထွက်ရှိသော အထည်များသည်ပစ္စည်းမှန်၊ အရည်အသွေးမှန်ဖြစ်စေရေး၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဒီဇိုင်းနှင့်ဆေးဆိုးနည်းစနစ်များ အရည်အသွေး ပြည့်မီစေရေးတို့နှင့်စပ်လျဉ်း၍မှာကြားပြီး လက်တွေ့သင်ကြားနေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)