နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေ စာရင်း တစ်နေရာမကပါဝင်နေသူများ သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ (၃၁-၁၂-၂ဝ၂၆) ရက် နောက်ဆုံးထား၍ ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ရန် ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေ စာရင်း တစ်နေရာမကပါဝင်နေသူများ သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ (၃၁-၁၂-၂ဝ၂၆) ရက် နောက်ဆုံးထား၍ ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ရန် ကြေညာ



လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) တစ်ခုထက်ပိုမိုကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ပြန်လည်အပ်နှံရန် မိဘပြည်သူများသိရှိဆောင်ရွက်နိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် မကြာခဏအသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား e-ID Server တွင် စာရင်းသွင်းပြီးဖြစ်ရာ ယခု အချိန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေ စာရင်း တစ်နေရာမကပါဝင်နေသူများ ရှိနေဆဲဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ ပယ်ဖျက်လိုသည့် နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများအား (၃၁-၁၂-၂ဝ၂၆) ရက် နောက်ဆုံးထား၍ ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

သတ်မှတ်ရက်ဖြစ်သည့် (၃၁-၁၂-၂ဝ၂၆) ရက်အထိ ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမို ကိုင်ဆောင်သူများအား နောက်ဆုံးထုတ်ယူခဲ့သော နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကိုသာအတည်ပြု၍ ယခင်ကိုင်ဆောင်ခဲ့သည့် နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုများအား ပယ်ဖျက်စာရင်းသွင်းခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာအပ်ပါသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)