
တမူး ၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကဘော်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်း ပြည့်ဝမှု၊ ဉာဏ်ပညာထက်မြက်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုနှင့် နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ခရိုင်ပညာရေးမှူး ဦးချစ်ငွေ တို့က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်သိန်းစိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့ရုံး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွန်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Grade-10(A)မှ ကျောင်းသူ မမြင့်မြတ်စိုးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A)မှ ကျောင်းသား မောင်ကောင်းခန့်ဝင်းက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(A)မှ ကျောင်းသူ မသဲအိအိညိမ်းကလူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(A)မှ ကျောင်းသား မောင်မြတ်ဟိဏ်းခန့်က လူငယ်နှင့်သိပ္ပံနည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(A)မှ ကျောင်းသူ မသင်းသင်းမြတ်က လူငယ်နှင့်နိုင်ငံတကာဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့သည်။ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သည့်ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူမှလည်း မေးမြန်းမှုများ အပေါ် ပြည့်စုံစေရန် ဖြည့်စွက်ဖြေကြားခဲ့သည်။ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “ကျွန်ုပ်တို့ စာကြည့်တိုက်၊ ကျွန်ုပ်တို့ကမ္ဘာ” စာကြည့် တိုက်လှုပ်ရှားမှု အသိပညာပေးလက်ကမ်းစာစောင်များကို
ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment