နိုဝင်ဘာ - ၄ ( ဗုဒ္ဓဟူးနေ့ )
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လာမယ့်နှစ်ကစပြီး အစ္စရေးနိုင်ငံကို နှစ်စဉ် ပေးအပ်နေတဲ့ ဒေါ်လာ ၄ ဘီလီယံ လုံခြုံရေးဆိုင်ရာ စစ်ရေးအကူအညီတွေကို ရပ်တန့်တော့မှာဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ ဒီငွေကြေးတွေကို ဆက်လက်လိုအပ်တော့မှာ မဟုတ်ဘဲ ဒီကိစ္စကို လက်ဝဲယိမ်းအုပ်စုတွေက အမေရိကန်အစိုးရအပေါ် ပြည်တွင်းမှာ နာမည်ပျက်သွားအောင် အသုံးချနေကြတယ်လို့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း Fox & Friends အစီအစဉ်မှာ ထရမ့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ သဘောတူညီချက်တစ်ခု ရရှိထားပြီးသားဖြစ်ကြောင်းနဲ့ အစ္စရေးဝန်ကြီးချုပ် ကိုယ်တိုင်က ဒီအချက်ကို အစပြုဆွေးနွေးခဲ့တာ ဖြစ်ကြောင်း သမ္မတထရမ့်က ဆိုပါတယ်။
"ကျနော်တို့က သူတို့ကို ဘယ်သူ့ထက်မဆို ပိုပေးခဲ့ပြီးပါပြီ၊ သူတို့မှာ ဒီငွေတွေ ဆက်မလိုအပ်တော့ ပါဘူး။ ကျနော်တို့ ဒါကို နှစ်နဲ့ချီ လုပ်ဆောင်ပေးခဲ့တာပါ။ အစ္စရေးက အလွန်တရာ တိုးတက်ထွန်းကား နေတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ဒီအကူအညီတွေ မလိုအပ်တော့ပါဘူး" လို့ အင်တာဗျူးတစ်ခုမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အနောက်ဂျေရုဆလမ်ဘက်က အကူအညီတွေ ဆက်လက်လိုအပ် နေဦးမယ် ဆိုရင်တော့ ဝါရှင်တန်အနေနဲ့ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၆ခုနှစ်က အိုဘားမားအစိုးရလက်ထက်မှာ အစ္စရေးနဲ့ အမေရိကန်တို့ အပြန်အလှန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ ၁၀ နှစ်အတွင်း အစ္စရေးစစ်တပ်ကို စုစုပေါင်း ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့ပေးဖို့ သဘောတူခဲ့တဲ့ အစီအစဉ်နဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်အရ နှစ်စဉ်ထောက်ပံ့ငွေတွေကို အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူရာမှာသာ အပြည့်အဝ သုံးစွဲသွားဖို့ သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
REF: RT
#News #Myanmar


No comments:
Post a Comment