ကော့သောင်းခရိုင်မှ(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင်များ အားကော့သောင်း‌ လေဆိပ်၌ ဂုဏ်ပြုကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းခရိုင်မှ(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင်များ အားကော့သောင်း‌ လေဆိပ်၌ ဂုဏ်ပြုကြိုဆို






ကော့သောင်း၊ နိုဝင်ဘာ ၁

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့်  (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲကြီး၌ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကော့သောင်းခရိုင်မှ အဆိုအကအရေးအတီး ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူ၊ နည်းပြများအား ယမန်နေ့ညက ကော့သောင်းလေဆိပ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများ ဂုဏ်ပြုကြိုဆိုသည်။

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲကြီး၌ ကော့သောင်းခရိုင်မှ အခြေခံပညာအဆင့်(၁၀-၁၅)ကဗျာလွတ် အကအဖွဲ့၊ ဝါသနာရှင် ပထမတန်း အတီး(စောင်း) အမျိုးသမီး၊ အခြေခံပညာအဆင့် (၁၀-၁၅) အတီး (စောင်း) အမျိုးသား၊ အမျိုးသမီး၊ ကော့သောင်းခရိုင်မှ အခြေခံပညာအဆင့် (၁၀-၁၅) ကဗျာလွတ် အကအဖွဲ့၊ အခြေခံပညာအဆင့် (၁၀-၁၅) အတီး (စန္ဒရား) အမျိုးသား၊ အခြေခံပညာအဆင့် (၁၀-၁၅) ခေတ်ဟောင်းကာလပေါ် အမျိုးသမီးအဆို၊ အခြေခံပညာအဆင့် (၁၅-၂၀) ခေတ်ဟောင်းကာလပေါ် အမျိုးသမီးအဆို၊ ဝါသနာရှင် ပထမတန်း (အရေး)၊ ဝါသနာရှင် ပထမတန်းအက (အမျိုးသား)တို့ ယှဉ်ပြိုင်ခဲ့ကြရာ ဝါသနာရှင် ပထမတန်း အတီး(စောင်း) အမျိုးသမီး ဒေါ်လွင်မာသိန်း၊ အခြေခံပညာအဆင့် (၁၀-၁၅)အတီး (စောင်း) အမျိုးသား မောင်စိုင်းမောင်ခန့်၊ အခြေခံပညာ အဆင့် (၁၀-၁၅) အတီး (စောင်း) အမျိုးသမီး မမြတ်ဆုသာ တို့က ဗဟိုအဆင့်ရွေတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)