ပေါင်၊ နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ ဗီဒီယိုမှတ်တမ်းနှင့် ၂၀၂၆ ခုနှစ်အတွင်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တစ်နှစ်တာ လှုပ်ရှားမှုဓာတ်ပုံများအား ဖွင့်လှစ်ပြသခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အငြိမ်းစား ဝန်ထမ်းများအား ဂါရဝပြု ကန်တော့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဝန်ထမ်းများအတွက် ပျော်ရွှင်ဖွယ်ရာ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်းသိရသည်။
မွန်မလေး
#Myanmar #News






No comments:
Post a Comment