ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်


ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုခန်းမဆောင် ပြုပြင်မွမ်းမံမှု၊ ခေတ်မီသန့်စင်ခန်းတည်ဆောက်နေမှုနှင့် ဝန်ထမ်းအိမ်ရာဝင်းအတွင်း RC လေးခန်းတွဲ နှစ်ထပ်ဆောင်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ နေအိမ်များ အကြီးစားပြုပြင်မွမ်းမံ မှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွင်း လာရောက်လေ့လာအပန်းဖြေကြသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက် (Quick Impact Project – QIP) ဖြင့် ဆောင်ရွက်မည့် အင်းလေးကန်ပုံစံအတွင်း ပတ်လမ်းကွန်ကရစ်လမ်းခင်းမည့်နေရာအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် သန်လျင်မြို့ ညောင်သုံးပင်ဝန်ထမ်းအိမ်ရာသို့ရောက်ရှိပြီး ဝန်ထမ်းအိမ်ရာ အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)