ကျောက်ပန်းတောင်းမြို့နယ်၌ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်၌ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများကျင်းပ

 


ကျောက်ပန်းတောင်း ၊  နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အာကသဆိုင်ရာ ကာတွန်းပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။အဆိုပါ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး၊ အနုပညာမှတဆင့် သိပ္ပံဆိုင်ရာစိတ်ကူး၊ စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရာ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး၊ ယနေ့ပြုလုပ်သည့် ကာတွန်းပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်၌ အသုံးချလေ့လာ အာကာသ နည်းပညာခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ ၁၃ ဦး၊ အခြေခံပညာအလယ်တန်းဆင့် ပြိုင်ပွဲတွင် လူသားနှင့် အနာဂတ်အာကာသ ခေါင်းစဉ် ဖြင့် ကျောင်းသား/ကျောင်းသူ ၂၀ ဦးနှင့် အခြေခံပညာ မူလတန်းဆင့်တွင် အာကာသအိမ်မက် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ ၇ ဦး စုစုပေါင်း၄၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက အနီးကပ် ကြီးကြပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည်။မြို့နယ်ပညာရေးမှူးရုံးအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် ပန်းချီပြိုင်ပွဲများကို ၁၀-၁၁-၂၀၂၆ ရက်နေ့ နံနက်၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ မူလတန်းဆင့်တွင် ၅၂ ဦး၊ အလယ်တန်းဆင့်တွင် ၆၀ ဦးနှင့် အထက်တန်းဆင့်တွင် ၃၀ ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)