အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် အပြီးသတ် စီရင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် က သဘောထားထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် အပြီးသတ် စီရင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် က သဘောထားထုတ်ပြန်



ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ဦးဆောင်ကော်မတီ မှ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက် နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်နေ့တွင် ချမှတ်ခဲ့သည့် အပြီးသတ်စီရင်ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မည့် သဘောထားနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တို့အား အပြည့်အဝထောက်ခံ ကြိုဆိုပါသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်၊ ပဋိပက္ခများမှ ARSA (Arakan Rohingya Salvation Army) အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် ကန့်သတ်စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်( Genocidal Intent) လုံးဝမရှိခဲ့ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့ကြောင့်သာ ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂလီများ နေရပ်စွန့်ခွာခဲ့ရသည့် အမှန်တရားကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က လစ်လျူရှုထားခဲ့သည်မှာ လွန်စွာအကျည်း တန်စေခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ တရားစီရင်ရေး စံနှုန်းများနှင့်အညီ သံသယ ကင်းလွတ်သည် အထိ သက်သေပြရန် လိုအပ်ချက်မှ သွေဖည်ကာ တစ်ဆင့်ကြားအချက်အလက်များ ပါဝင်သည့် အစီရင်ခံစာများအပေါ် အခြေခံထားဆုံးဖြတ်သော စီရင်ချက်သည် တရားမျှတမှုနှင့် ကင်းကွာနေပါသည်။

တရားမျှတမှုသည် နိုင်ငံအားလုံးအပေါ် တန်းတူညီမျှစွာ သက်ရောက်ရမည်ဖြစ်ပြီး လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်မှု အချုပ်အချာအာဏာလေးစားမှုနှင့် ဥပဒေစိုးမိုးမှု တို့ကို အပြန် အလှန်ဖြည့်ဆည်းပေးရမည့် အခြေခံမှုများ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများသည် အကြမ်းဖက် တိုက်ခိုက်မှုများ၏ နောက်ခံအခြေအနေ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တာဝန် နှင့် စစ်ဆင်ရေး၏ ရည်ရွယ်ချက်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး လုံခြုံရေးဆောင်ရွက်မှု တစ်ရပ်နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တို့ကို ဥပဒေအရ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာလွပ်လပ်မှု နှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို အသိအမှတ်ပြု လေးစားလျက် ပကတိအခြေအနေမှန်များကို ဓမ္မဓိဌာန် ကျကျရှုမြင်ရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံအချုပ်အချာအာဏာ နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ရပ်တည်ချက်များ နှင့် မြန်မာနိုင်ငံ၏ လွပ်လပ်မှု၊ ဂုဏ်သိက္ခာတရား၊ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးများအတွက် အစဉ်ထာဝရ ရှေ့ရှုဆောင်ရွက်နေမှုများ အပေါ် အပြည့်အဝထောက်ခံပါကြောင်း နှင့် ထာဝရပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်ထားသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)