KNU/KNLAနှင့် PDFအမည်ခံပူးပေါင်းအဖွဲများ၏ ဆေးရုံနေရာနှင့် လက်လုပ်စိန်ပြောင်းများ သိမ်းဆည်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

KNU/KNLAနှင့် PDFအမည်ခံပူးပေါင်းအဖွဲများ၏ ဆေးရုံနေရာနှင့် လက်လုပ်စိန်ပြောင်းများ သိမ်းဆည်းရရှိ




မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာလုပ်ဆောင်နေသော KNU/KNLA တပ်မဟာ(၁)၊ ရင်း (၃)နှင့်  PDFအမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ ဆေးရုံနေရာနှင့် လက်လုပ်စိန်ပြောင်းများ ပြုလုပ်သည့်နေရာအား ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၁၀နာရီခန့်မှာ တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိရာ KNU/KNLA တပ်မဟာ(၁)၊ ရင်း (၃)နှင့်  PDFအမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ လက်လုပ်စိန်ပြောင်း အလက် ၄၀၊ အကြမ်းဖက်ဆေးရုံ ၁ရုံနှင့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးများသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့က ကျိုက်ထိုမြို့နယ်အတွင်း KNU/KNLA တပ်မဟာ(၁)၊ ရင်း (၃)နှင့်  PDFအမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ အခြေပြုစခန်း (၃)နေရာနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ယနေ့ အကြမ်းဖက်အဖွဲ့များ၏ ဆေးရုံနေရာနှင့် လက်လုပ်စိန်ပြောင်းများ ထပ်မံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)