ပခုက္ကူ၊ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အခွန်ဆိုင်ရာ(M-TRACES)စနစ်အကြောင်းအသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန့်ဇင်က “အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများထံမှ ရသင့်ရထိုက်သောအခွန်များရရှိစေ ရေး၊ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့်လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်စစ်ဆေးခြင်းစနစ် (Monitoring on Taxpayer Registry and Compliance Evaluation System M-TRACES)” အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးရှင်းလင်းပြောကြားသည်။
အဆိုပါအသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်(၁၅၀)ဦးတက်ရောက်ကြပြီး သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar




No comments:
Post a Comment