ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ၊ MSME ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ၊ MSME ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ





​ပြည်၊ နိုဝင်ဘာ  ၁၉

​ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြည်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။  

​ဒေသတွင်း ထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရည်အသွေး မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါ ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ ဒေသထွက် စားသောက်ကုန်နှင့် MSME ထုတ်ကုန် ဆိုင်ခန်းပေါင်း (၆၀) ခန်း၊ ခေတ်မီလယ်ယာသုံး စက်ပစ္စည်းကိရိယာ ဆိုင်ခန်း (၂၆) ခန်းနှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ ဆိုင်ခန်း (၇) ခန်းတို့ဖြင့် စုံလင်စွာ ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိသည်။

​အဆိုပါ ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊တောင်သူလယ်သမားများနှင့် ဘုရားဖူးဧည့်ပရိသတ်များက စိတ်ပါဝင်စားစွာဖြင့် နေ့စဉ် လာရောက်ကြည့်ရှု လေ့လာဝယ်ယူအားပေးလျက်ရှိကြောင်းသိရသည်။


ဝဏ္ဏထွန်း 

#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)