Pages

▼

Pages

▼

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျိုက်လတ်မြို့နယ်ရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး



ပုသိမ် ၊  နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ဖျာပုံ-ကျိုက်လတ် ကားလမ်းဘေးရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်လုပ်ငန်းသို့ သွားရောက်၍ စက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှု၊ ပေါင်းဆန်ထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံတာဝန်ရှိသူများက ကျိုက်လတ်မြို့တွင် ပေါင်းဆန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေမှု၊ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးမှုနှင့် စက်ရုံ၏ လက်ရှိလုပ်ငန်းလည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် Boiler နှင့် Steam Turbine စနစ်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံ၊ အဆင့်မြင့်ပေါင်းဆန်စက်ရုံ၊ ခေတ်မီဆန်ကြိတ်ခွဲစက်ရုံ၊ အရည်အသွေးထိန်းချုပ်မှုနေရာ၊ ဘေးထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ၊ ဆိပ်ခံတံတားတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက်စပါးများကို အကျိုးရှိရှိ အသုံးချ၍ အရည်အသွေးမြင့် ပေါင်းဆန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဖွဲနုဆီထုတ်လုပ်နိုင်သည်အထိ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် အရည်အသွေးထိန်းချုပ်မှုကို အလေးထားဆောင်ရွက်ရေး၊ ဒေသတွင်းစိုက်ပျိုးထုတ်လုပ်သူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိူက်လတ်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ကြည့်ရှုအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံအားလှည့်လည်ကြည့်ရှုစ်ဆေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့ စက်မှုဇုန်ရှိ New Talent အထည်ချုပ်စက်ရုံသို့ ရောက်ရှိ၍ အဝတ်အထည်များ ချုပ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက မအူပင်စက်မှုစီမံကိန်းနှင့် ပတ်သက်သည့် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်မည့် အဆောက်အဦများ၊ မအူပင်စက်မှုဇုန်ရှိ မြေအသုံးချမှုအခြေအနေ၊ စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားသည့် စက်ရုံများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်စက်မှုဇုန်အတွင်းရှိ Wave Myanmar မွေ့ယာစက်ရုံအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့ ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက်အား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်ကော်မတီဖွဲ့စည်း၍ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ သုတရသစာပေများ ပိုမိုပြည့်စုံစေရေးနှင့် လူငယ်များ စာပေများကို ပိုမိုလေ့လာဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးရန်၊ စာကြည့်တိုက်ကိုအခြေခံ၍ လူငယ်များအတွက် အကျိုးရှိသည့် သင်တန်းများဖွင့်လှစ်ပေးရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment