ပွင့်ဖြူ၊ အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က မြို့နယ် အတွင်း ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု ၊ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်းရှိ ကျောင်းသားကျောင်းသူ များ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရာတွင် ဆရာ ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
သတင်း - ရဲဝင်းနိုင် ( ညောင်ဦး )
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment