မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၈/၂၀၂၁) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၈/၂၀၂၁) ကျင်းပ

 


မင်းဘူး၊ အောက်တိုဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအပြီးတွင် ဆက်လက်ကျင်းပ ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာ ခရိုင်အတွင်းရှိ စာသင်ကျောင်းများအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ကာပြန်လည် ဖွင့်လှစ်သွား မည်ဖြစ်တာကြောင့် မြို့နယ်များအတွင်းရှိ စာသင်ကျောင်းများ ဥပဓိရုပ်ကျောင်းမွန်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ ကာကွယ်ဆေးများထိုးနှံပေးရာတွင် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်ရေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ မြို့နယ်များ အလိုက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကာကွယ်ဆေးတစ်ကြိမ်မှ ထိုးနှံထားခြင်း မရှိပါက RTD Test Kits များဖြင့်စစ်ဆေးသွားရန်နှင့် တိုင်းဒေသကြီး ကိုဗစ် အစည်းအဝေး ဆုံးဖြတ်ချက် (၈)ခုကို ထပ်ဆင့်ရှင်းပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး များက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် အောက်ဆီဂျင်စက်ရုံများ ထုတ်လုပ် လည်ပတ်နေမှုများ၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေမှုနှင့် ထိုးနှံပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသားဦးရေပေါင်း (၂၀၂၉၁)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော ကျောင်းသား/ကျောင်းသူများအတွက် ကာကွယ် ဆေးခွဲတမ်း အလုံးရေ(၃၀၀) ထပ်မံရရှိပြီး ကျောင်းသားဦးရေပေါင်း (၆၀၀)ဦးကို ဆက်လက် ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။

သတင်း - မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)