ရွှေသောင်ယံ၊ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က ရွှေသောင်ယံ စာသင်ကျောင်း ခန်းမဆောင်တွင် ယနေ့နံနက် (၉) နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့သည့် ပြည်သူ(၁၇၅)ဦး အား ယနေ့တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန်၊ ကျေးလက်ကျန်းမာ ရေးဌာနအောက်ရှိ ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးဆောင် ရွက်ပြီးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုနှံရာစုရပ်သို့ ရွှေသောင်ယံမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ် ရေးမှူးနှင့် ဝန်ထမ်းများမှ စာရင်းကောက်ယူခြင်း၊ ရွှေသောင်ယံနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များတို့မှ ပြည်သူများစိတ်အေး ချမ်းသာစွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ ဝင်များမှ ပံ့ပိုးကူညီပေးခြင်း၊ ရွှေသောင်ယံမြို့ရပ်ကွက်(၁၊၂၊၃) ရှိ အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီပေးခြင်းဖြင့် ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
သတင်း - ကိုကိုမောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment