ဆင်ပေါင်ဝဲမြို့၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို တတိယအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို တတိယအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 


ဆင်ပေါင်ဝဲ၊ အောက်တိုဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ဆင်ပေါင်ဝဲမြို့နယ်တွင်  အသက်(၁၈)နှစ် အထက်ရှိ    ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့  နံနက်  (၉) နာရီက  စုရပ်(၄)ခုဖြစ်သည့်  မြို့နယ် ပြည်သူ့ဆေးရုံနှင့်  ဆင်မတောင်တိုက်နယ်ဆေးရုံ၊ ဘော်မြင့်ကျေးရွာ၊ ဝန်ကုန်းကျေးရွာတို့တွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင်  ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ   ကျန်းမာရေးဝန်ထမ်းများက   ထိုးနှံပေးလျက်ရှိရာ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းရွှေ၊ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာမွန်စိုးရီ၊ ရပ်ကွက်၊  ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး စုရပ်(၄)ခုတွင် လာရောက်ထိုးနှံပြီးသူ (၅၈၀)ဦး ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင်    အသက် (၁၈) နှစ်အထက်ရှိ   ပြည်သူများအတွက်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး တတိအသုတ် (ပထမ)အကြိမ် ထိုးနှံရန် ဆေးအလုံးရေ (၁၂၀၀) လုံးရရှိပြီးလူဦးရေ (၆၀၀၀) ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊  အောက်တိုဘာ (၂၇) ရက်နေ့ထိ  ထိုးနှံပြီးသူ စုစုပေါင်း (၉၆၅)ဦး  ရှိပြီဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးထံမှ သိရသည်။

သတင်း - ချိုချိုဝင်း                                                                                                                             

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)