နေပြည်တော်၊ အောက်တိုဘာ ၂၈
ယမန်နေ့က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ်(၉)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အဆင့်မြင့် ခရီးစဉ်များ အပြန်အလှန် လည်ပတ်ခြင်း၊ သဘောတူ စာချုပ်များ ချုပ်ဆိုခြင်းနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးတက်လာခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများ အချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး အပါအဝင် ရှေ့ဆက်လက် ပူးပေါင်းမှုများ မြှင့်တင်ရေးကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment