ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်အတွင်းရှိ RC သင်္ချိုင်းဝန်းအတွင်း အကြမ်းဖက် အဖွဲ့များ နှင့် ပါဝင်ပတ်သက်သည့် ဓမ္မဆရာ တစ်ဦး သိုဝှက်ထားသည့် လက်နက်/ခဲယမ်းများအား သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်အတွင်းရှိ RC သင်္ချိုင်းဝန်းအတွင်း အကြမ်းဖက် အဖွဲ့များ နှင့် ပါဝင်ပတ်သက်သည့် ဓမ္မဆရာ တစ်ဦး သိုဝှက်ထားသည့် လက်နက်/ခဲယမ်းများအား သိမ်းဆည်းရမိ





နေပြည်တော်၊ အောက်တိုဘာ - ၂၉

နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ လိုသည့် NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့် ရက်စက်စွာသတ်ဖြတ်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေ သည့် လမ်း၊ တံတား၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ အပြင် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အဖျက်အမှောင့်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်း ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းရှာဖွေဖော်ထုတ်ခြင်း များ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်အတွင်းရှိ RC သင်္ချိုင်းဝန်းအတွင်းရှိ မသင်္ကာဖွယ်အုတ်ဂူ ၄ လုံးအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ဂူသွင်းသင်္ဂြိုလ်ဟန်ပြုလုပ် ထားသည့် အုတ်ဂူအတွင်းမှ တစ်လုံးထိုးသေနတ် ၁၇ လက်၊ PVC ပိုက်ဖြင့်ပြုလုပ်ထား သော လက်လုပ်မိုင်းမျိုးစုံ ၈၄ လုံးနှင့် ကျည်ကာအင်္ကျီ ၇ ထည်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြေပြင်သတင်းများအရ အောက်တိုဘာ ၁၆ ရက်၌ ဟားခါးမြို့အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် Bethlehem Baptist Church ဘုရားကျောင်းအနီး၌ မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ၎င်းမှာ ထွက်ပြေးသွားခဲ့ရာ  အဆိုပါနေရာအနီးမှ Huawei အမျိုးအစား ဖုန်းတစ်လုံးအား တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ တယ်လီဖုန်းပိုင်ရှင်မှာ ဗန်ကျဲမ်း(ဘ) ဦးထန်လာအို ချင်း/ခရစ်ယာန် (ဓမ္မဆရာ)၊ မတူပီလမ်း၊ ကျောဘုတ်ရပ်ကွက်၊ ဟားခါးမြို့ နေသူဖြစ်ကြောင်း သိရှိရပြီး ဖုန်းအတွင်းမှ တစ်လုံးထိုး သေနတ်ကိုင်ဆောင်ကာ အကြမ်းဖက်သောင်းကျန်းသူများနှင့်တွဲရိုက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား တွေ့ရှိခဲ့ ကြောင်း အထက်ပါသိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များမှာ ဗန်ကျဲမ်းဆိုသူမှ ၎င်း၏နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေမည် ကို စိုးရိမ်သဖြင့် အထက်ပါသင်္ချိုင်းကုန်းရှိ အုတ်ဂူအတွင်း  သိုဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ဗန်းကျဲမ်း(ဓမ္မဆရာ) အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အပူတပြင်းရှာဖွေဖော်ထုတ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)