ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ဆုရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ဆုရရှိ


နေပြည်တော်၊ အောက်တိုဘာ ၃၁

ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေး ထိုးကတ်ပြားများ ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်။


ASOCIO အဖွဲ့အစည်းသည် အာရှနှင့်သမုဒ္ဒရာဒေသအတွင်းရှိ နိုင်ငံများအတွင်း Information and Communications Technology-ICT နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဖြင့် ကုန်ထုတ်စွမ်းအား၊ အသက်မွေးဝမ်းကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများ တိုးမြှင့်လာစေရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်တွင် ICT နည်းပညာ အသုံးပြုမှု အမျိုးအစား(၅)ခု ဖြစ်သော ASOCIO Outstanding Tech Company Award ၊ ASOCIO Outstanding User Organization Award ၊ ASOCIO Digital Government Award ၊ ASOCIO EdTech Award နှင့် ASOCIO Health Tech Award တို့ဖြင့် အဖွဲ့ဝင် (၂၄)နိုင်ငံမှ အမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဆုချီးမြှင့်ခြင်းကို ဘင်္ဂလားဒေ့နိုင်ငံ၊ ဒါကာမြို့၌ နိုဝင်ဘာ ၁၁ရက်မှ ၁၄ ရက်ထိ ကျင်းပပြုလုပ်မည့် 2021 ASOCIO PIKOM DIGITAL SUMMIT ကျင်းပနေစဉ်အတွင်း နိုဝင်ဘာ ၁၂ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စံတော်ချိန် ညနေ ၅ နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)