နေပြည်တော်၊ နိုဝင်ဘာ ၁၁
၄၂ ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း (42nd ALA Governing Council) အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေး သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ အာဆီယံ ဥပဒေပညာရှင်များအသင်း(မြန်မာ) ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အာဆီယံပဋိညာဉ် စာတမ်းကို အလေးထားပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ရည်ရွယ်ချက်များဖြစ်သော တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး စနစ်များနှင့် ဥပဒေဆိုင်ရာ အခြေခံအဆောက်အဦများ ခိုင်မာအားကောင်းစေခြင်းကို အကောင်အထည် ဖော်ရန်အလို့ငှာ အာဆီယံဥပဒေပညာရှင်များ အသင်းသို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး အာဆီယံ ဥပဒေပညာရှင်များအသင်း (မြန်မာ)ကိုလည်း ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း။
အဆိုပါ အသင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ် ဥပဒေပညာဌာနများမှ ပါမောက္ခများ ပါဝင်ကြောင်း၊ ဇွန် ၁၉ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သည် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦးပါဝင်သော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်း များအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပြည်သူ့အတွက် တရားမျှတမှု မဟာဗျူဟာ စီမံကိန်း (၂၀၁၉−၂၀၂၂)ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥပဒေကို ပြင်ဆင်ခဲ့ပြီး ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ကြောင်း ပြောကြားသည်။ ထို့ပြင် အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲ ဆောင်ရွက် နေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် ALAWMM နှင့် ASLOM တို့တွင်လည်း တက်ကြွစွာ ပါဝင် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၌ ဥပဒေရေးရာ ကိစ္စများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပေးပို့ သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်း (မူကြမ်း) များအပေါ် စိစစ်ခြင်းနှင့် ဥပဒေအကြံပေးခြင်း တို့ကိုဆောင်ရွက် ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြု ချက်ရရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဖွဲ့အစည်းသည် မူကြမ်းများကို အစိုးရအဖွဲ့ အစည်းအဝေး၌ တင်ပြအတည်ပြုချက် ရယူရန်အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုမိုးရေး ကော်မတီသို့ တင်သွင်းဆွေးနွေးရကြောင်း၊ ထိုသို့တင်ပြ အတည်ပြု ချက်ရယူပြီးနောက် အစိုးရအဖွဲ့ အစည်းအဝေးက အတည်ပြုလျှင် နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီ သည် မူကြမ်းအား ဥပဒေအဖြစ် ထုတ်ပြန်ကြေညာကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေအရာရှိ ကျင့်ဝတ်၊ မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ၊ ဥပဒေမူကြမ်း ရေးဆွဲရေး လမ်းညွှန်နှင့် ဖက်စပ်စာချုပ်နှင့် မြေငှားရမ်းခြင်းစာချုပ် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်တို့ကို ထုတ်ဝေထား ကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေ သတင်း အချက်အလက်များကို အလွယ်တကူ လက်လှမ်းမီ စေရန် Myanmar Law Information System(MLIS) website ကို ဥပဒေရေးရာဝန်ကြီးက ၂၀၁၈ ခုနှစ်တွင် စတင်၍ တည်ထောင် ထားကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ အနုညာတ စီရင်ဆုံးဖြတ် ခြင်းနှင့်စပ်လျဉ်း၍ အကျုံးဝင် သည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း၊ ပြည်တွင်း အနုညာတစီရင် ဆုံးဖြတ်ခြင်း နှင့်စပ်လျဉ်းသည့် စစ်မှန်ကြောင်း သက်သေခံလက်မှတ် သို့မဟုတ် တာဝန်ခံ မိတ္တူမှန် လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အမိန့် ကြော်ငြာစာအမှတ် ၄၂/၂၀၂၁ ဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ၂၀၁၈ တွင် မြန်မာနိုင်ငံသည် ASEAN e-commerce agreement ကို အတည်ပြု ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် Digital Economy Road Map 2018-2025 ကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မြန်မာ e-commerce အသင်းကို ဖွဲ့စည်းခဲ့ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ အစိတ်အပိုင်းတစ်ခု အဖြစ် e-commerce ဥပဒေ(မူကြမ်း) ကို ရေးဆွဲနေကြောင်း ပြောကြားသည်။
၄၂ ကြိမ်မြောက် ALA Governing Council အစည်းအဝေး၌ ၄၁ ကြိမ်မြောက် ALA Governing Council အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ALA ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးချုပ်တို့၏ သက်တမ်းတိုးမြှင့်ခြင်း အဆိုကို ဆုံးဖြတ်ခြင်း၊ ASnLI Annual Report နှင့် 2021 ASnLI Workplan 2022 တို့အား အတည်ပြုခြင်း၊ အာဆီယံနိုင်ငံများအတွင်း အနုညာတ စီရင်ဆုံးဖြတ် ချက်များ အာဏာ သက်ဝင်စေခြင်းဆိုင်ရာ အကောင်းဆုံး အလေ့အထများကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံဥပဒေ စာချုပ်စာတမ်းများနှင့် အကောင်အထည်ဖော်မှုကို မြှင့်တင် ဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်များကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment