စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ


 နေပြည်တော်၊ နိုဝင်ဘာ ၁၁

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က လူတစ်ဦးချင်း ဆီစားသုံးမှုမြင့်မားလျက်ရှိ သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီစားသုံးမှုပုံစံ ပြောင်းလဲကျင့်သုံးရန် လိုအပ်လျက် ရှိပြီး တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှု တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီ အလိုက် တင်သွင်းရမည့် ပမာဏလျာထား သတ်မှတ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း တို့ကို ဝန်ကြီးဌာနမှချမှတ်ပေးသည့် မူဘောင် အတွင်းမှ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံး ဆီများကို အရည်အသွေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းပြီး ဈေးကွက်၌ ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချရေးကို စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် Supply Chain တစ်လျှောက်ရှိ သက်ဆိုင်ရာ Stakeholder များအားလုံးမှ တာဝန်ယူမှု၊ တာဝန်ခံ မှုဖြင့် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက စားသုံးဆီတင်သွင်း သိုလှောင် ဖြန့် ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သင့်သည့် အစီအမံများကို ဝိုင်းဝန်း ဆွေးနွေးအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူး ခြင်းဆိုင်ရာလုပ်ငန်းစဉ်တစ်လျှောက် အဆင် ပြေချောမွေ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို အလေးထား ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ တင်သွင်းမှုကို နှစ်အလိုက် လျှော့ချခြင်း၊ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်း၊ အရည်အသွေးပိုင်း ဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ခြင်း၊ Consumer Pack ဖြင့် ဖြန့်ဖြူးရောင်း ချခြင်းကို ဦးစားပေး ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့် ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့  စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)