မာန်အောင်၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယ)အသုတ် (ပထမ)အကြိမ် ထိုးနှံခြင်းကို ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် ဆားချက်၊ စွန်ပန်းချောင်း၊ မီးလောင်ထောင့်၊ ဂန့်ကော်တော ကျေးလက်ကျန်းမာရေးဌာနများ၌ ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်မှု ဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်းခြင်း အောက်ဆီဂျင်တိုင်းတာပေးခြင်းများ ပြုလုပ်ပြီးပုံမှန် ကျန်းမာရေးအခြေအနေရှိသူများကို သာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး မိနစ်(၃၀)ခန့်စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(တတိယ)အသုတ် (ပထမ)အကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိရာ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူပေါင်း (၁၀၀၀)ဦးရှိကြောင်း သိရသည်။
သတင်း - သိန်းဖေ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment