မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး




မြိုင်၊ နိုဝင်ဘာ  ၄

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသည့် ဒေသခံပြည်သူများအား Phase 3 First Doeကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ် ထွေ/အုပ်အစည်းအဝေးခန်းမ၌ ယနေ့တွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြိုင်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော မိဘပြည်သူများအတွက် Phase 3 First Doeအဖြစ် Sinopharn အမျိုးအစား ကာကွယ်ဆေးအလုံးရေပေါင်း (၁၀၀၀)လုံးခွဲတမ်း ရရှိပြီး ဆေးတစ်လုံးလျှင် လူ ၅ဦးနှုန်းဖြင့် နေ့စဉ်နံနက်(၈)နာရီမှစတင်ကာ ထိုးနှံပေးလျက် ရှိသည်။ ယခုလက်ရှိထိုးနှံလျက်ရှိသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ(၁) ရက် နေ့မှ စတင်၍ထိုးနှံပေးလျက်ရှိရာ လူဦးရေ (၅၆၅)ဦး ထိုးနှံပြီးစီးပြီဖြစ်သည်။

ထို့အပြင်မြိုင်မြို့နယ်အတွင်း၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူလူဦးရေပေါင်း တစ်သောင်းကျော် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သတင်း - ဖြိုးမွန်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)