ရပ်စောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်




ရပ်စောက်၊ နိုဝင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဈေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် (၃)လလျှင် တစ်ကြိမ်ထောက်ပံ့ပေးအပ်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ပထမသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် ရပ်စောက် မြို့နယ်၊ ဈေးတန်းရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် စုစုပေါင်း (၃၈)ဦးအား တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် တစ်ဆယ့်ခုနှစ်သိန်း တစ်သောင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျန်ရှိနေ သော ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၄၈၆)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ် (၁၃၆၄)ဦး ရှိပြီး တစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၁၂၈၂၅၀၀၀၀)အား ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

သတင်း -  ရဲထက်ဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)