လှည်းကူး၊ နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုနှုန်း လျှော့ချရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့အတွက် ဒေသခံပြည်သူ များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အသက် ၄၅ နှစ်နှင့်အထက်ပြည်သူများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် အလိုက် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက သတ်မှတ်ဆေးထိုးစုရပ်နေရာ များ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြည်သူ(၄၆၅၇)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရပြီး ဆေးထိုးရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း - ကျော်ကျော်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment