ကရင်ပြည်နယ်၏ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်၏ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





ဘားအံ၊ နိုဝင်ဘာ  ၂၇

ကရင်ပြည်နယ်၏ (၅)နှစ် ‌ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စီမံကိန်းရုံးမှ ညွှန်ကြားရေးမှူးဦးချစ်ဝေက (၅)နှစ်စီမံကိန်းမူဘောင် (မူကြမ်း) ရေးဆွဲလျက်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ ချိတ်ဆတ်ဆောင်ရွက်မှု၊ (၅)နှစ် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဦးတည်လုပ်ငန်းများ၊ ပြည်နယ်၏ ဒေသန္တရ ဖွံ့ဖြိုးမှု(၅)နှစ်စီမံကိန်း(မူကြမ်း)၊ စီမံကိန်းအကောင်အထည်ဖော်ရာ၌ အခြေခံဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ တိုးတက်မှုနှုန်းရည်မှန်းချက်များ၊ လူမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ အထောက်အကူ ပြုလုပ်ငန်း များတွင်ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ပါဝင်ဆောင်ရွက်ကြရမည့်အခန်း ကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လိုအပ်သည်များ ပေါင်းစပ်အကြံပြုဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)