ပူတာအို၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအို၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ


ပူတာအို၊ နို၀င်ဘာ   ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာ  စုပေါင်းမဟာဘုံ ကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကို ယနေ့နံနက် (၈) နာရီက ပူတာအိုမြို့ တောင်တန်းသာသနာပြု ဗဟိုကျောင်း တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းက " နမောတဿ" သုံးကြိမ်ရွတ် ဆိုဘုရားကတော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုခိုကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည် ကြကာ ဆရာတော်သံဃာတော်အရှင် သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရား တော်မြတ်များ နာယူကြည်ညိုကြ သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အတူ စစ်ဗျူဟာ (အခြေချ) ပူတာအိုမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များထံ ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းနှင့် လှူဖွယ်၀တ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကထိန်အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကုမ္ဗဏီများ၊ စက်သုံးဆီရောင်း၀ယ်ရေးနှင့် အလှူရှင်များက စုစုပေါင်းတန်ဖိုးငွေကျပ် (၆၅,၉၃၀၀၀) သိန်းရှိ ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းနှင့် လှူဖွယ်၀တ္တုများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး  ပူတာအိုမြို့ တောင်တန်း သာသနာပြုဗဟိုကျောင်း တိုက်အတွင်း ဆောက်လုပ်ဆဲ နှစ်ထပ်ကျောင်းဆောင် အတွက် ခရိုင်ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစုများက အလှူတော်ငွေကျပ် (၈၀၀၀၀၀) သိန်းကို ခရိုင်ပြည်သူ့ဆေးရုံမှ တာ၀န်ရှိသူများက ပေးအပ်လှူဒါန်းရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်ကလက်ခံရယူခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)