ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သော တောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သော တောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ ပေးအပ်

 


ဝိုင်းမော်၊ နိုဝင်ဘာ   ၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စု အတွင်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းဝင်တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာဘေး ကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP) ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဝိုင်းမော်မြို့ နန့်မြစ်ခချောင္းဘေး ဟင်းသီးဟင်းရွက် စိုက်ခင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စုအတွင်းမှ ဟင်းသီးဟင်းရွက်ထုတ်လုပ် သူများအသင်းဝင် တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူတိုင်းဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ယနေ့ပေးအပ်မည့် မြေသြဇာများအပြင် သဘာဝဓာတ်မြေ သြဇာများကို လည်း ထည့်သွင်းအသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ ထို့အပြင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ လိုအပ်ချက်များကို အသင်းနှင့်အတူ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က မြေသြဇာ များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုး ရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP) ပညာပေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် ဓာတ်မြေသြဇာအိတ် ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များက ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများအား စိုက်ပျိုးရေး နည်းပညာဖြန့်ဝေပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး စက်ရေတွင်းများတူး ဖော်ဆောင်ရွက်ပေးသွားမည့် အစီအစဉ် များ၊ ကုန်ထုတ်လမ်းနှင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက် ထားရှိမှုများကို ရင်းနှီး ပွင့်လင်းစွာ ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာ ပေး သဘာဝအပင် အားတိုးဆေးပြုလုပ်မှု၊ အီးအမ်-၅ (ပိုးမွှားရောဂါ ကာကွယ်ဆေး) ပြုလုပ်သုံးစွဲနည်း၊ သီးနှံအလိုက် သင့်တော်သည့် မြေအချဉ်/ အငံတန်ဖိုး တိုင်းတာခြင်း လုပ်ငန်းများ၊ စူပါအီးအမ်ဘို ကာရှိမြေဆွေးပြု လုပ်နည်းအဆင့်ဆင့် တို့နှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)