သင်္ဃန်းကျွန်း၊ နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ယနေ့၊ နံနက် (၈)နာရီက ဘဝမြင့်ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စုမရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ များကို ဆောင်ရွက် ပေးခဲ့ပြီး ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ် အထက်ရှိသူများ၊ အသက်(၁၈)နှစ်မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားလျက် ရှိကြောင်း သိရသည်။
သတင်း - စန္ဒာမိုး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment