မင်းလှမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ‌ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ‌ပေး


မင်းလှ၊ နိုဝင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံရန်ကျန်ရှိနေသည့် အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ယမန်နေ့က ကျောင်းဆေးထိုးစုရပ်(၃) နေရာတွင် ဆက်လက် ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)၊ အ.ထ.က(ခွဲ) ထန်းပင်ကုန်း၊ အ.ထ.က ရွှေလောင်း တို့တွင်  နံနက် ၉ နာရီမှ နေ့လည် ၃ နာရီချိန်ထိ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျောင်းသားကျေင်းသူများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်း(၃၇၇ )ဦး ထိုးနှံပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းပေါင်း(၄၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၁၃၉)ဦးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ယနေ့အထိ (၄၁၈၈)ဦးထိုးနှံ‌ပေးနိုင်ခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများကို ဆက်လက်ထိုးနှံ‌ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)